ရှေ့သို့
Image

ဝက်စ်ဟမ်းနည်းပြဟောင်း ဘီလစ်ကို ၂ နှစ် စာချုပ်ချုပ်ဆိုကာ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ၀က်စ်ဘရွန်း

9:23 AM, 14 June

ဘီလစ်ကို ၀က်စ်ဘရွန်း အသင်းရဲ့ နည်းပြ အသစ်အဖြစ် ခန့်အပ် လိုက်ပါတယ်လို့ ချန်ပီယံရှစ် ကလပ်က ကြေညာလိုက်ပါတယ်။ ၀က်စ်ဘရွန်းကတော့ မတ်လတွင် ထုတ်ပယ်ခဲ့တဲ့ ဒါရန်မိုးရဲ့နေရာမှာ ဘီလစ်ကို အစားထိုးခဲ့တာပါ။

အသက် ၅၀ အရွယ် နည်းပြကတော့ ကလပ်နှင့် ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာ ဖြစ်ပြီး ၀က်စ်ဘရွန်းကတော့ ပြီးခဲ့တဲ့ ရာသီတွင် ချန်ပီယံရှစ် Play off ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ခရိုအေးရှား လက်ရွေးစင် အသင်းကိုလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ ဘီလစ်ဟာ ၀က်စ်ဟမ်း အသင်းအား ၂ နှစ်ခွဲလောက် ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် နည်းပြအဖြစ်မှ ထွက်ခဲ့ပါတယ်။ သူ့ရဲ့ ပထမရာသီမှာပင် ၀က်စ်ဟမ်းအသင်းကို အဆင့် ၇ ရရှိအောင် ကိုင်တွယ် နိုင်ခဲ့သော်လည်း အသင်းဟာ တန်းဆင်းဇုန်တွင် ရုန်းကန်နေခဲ့ရတဲ့ အတွက်ကြောင့် ဒေးဗစ်မိုရက်စ်နှင့် အစားထိုးခြင်းကို ခံလိုက်ရပါတယ်။ 

'' ဒီအခွင့်အရေးနှင့် ပတ်သတ်လို့ ကျွန်တော် အရမ်းကို ၀မ်းသာပါတယ် '' လို့ ဘီလစ်က ၀က်စ်ဘရွန်း အသင်းရဲ့ တရားဝင် ၀က်ဆိုက်ဒ်သို့ ပြောပါတယ်။ '' ကျွန်တော်တို့က တိုးတက်ချင်ပါတယ်၊ ကွင်းထဲမှာပါ တိုးတက်ချင်ပြီး ၀က်စ်ဘရွန်းက ပရီးမီးယားလိဂ်သို့ ပြန်လည် ရောက်ချင်တယ် ဆိုတာကို ယုံကြည်ပါတယ်။ အသင်းမှာက ကာလတို ကာလရှည် စံမံကိန်းတွေ ရှိပါတယ် ''

'' တိုးတက်ဖို့အတွက် ကျွန်တော့်ကို ဦးဆောင်ဖို့ အသင်းက အလိုရှိနေပါတယ်။ သူတို့ကို ဦးဆောင်ဖို့ ကျွန်တော့်ကို အလိုရှိနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ကျွန်တော့်ကို ပြောဆိုခဲ့ပြီး သူတို့ ပြောဆိုခဲ့တာကိုလည်း ကျွန် တော်က  ၂ ကြိမ် မစဉ်းစားခဲ့ပါဘူး '' လို့ သူက ပြောပါတယ်။

#ဝက်စ်ဟမ်း #ဘီလစ်