ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွေ့ ရန် စိတ်အားထက်သန်နေတဲ့ထရစ်ပီးယား

5:15 PM, 13 June

ညာနောက်ခံလူ ဂျာအို ကန်ဆယ်လိုဟာ လာမယ့်အပြောင်းအရွေ့ ဈေးကွက်အတွင်း ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့  ရှိနေတာကြောင့် တော့တင်ဟမ်အသင်းရဲ့ ညာနောက်ခံလူ ကီရန် ထရစ်ပီးယားဟာ အီတလီကလပ်ရဲ့ ထိပ်တန်းပစ်မှတ် ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဂျူဗင်တပ်စ်ဟာ နာပိုလီ၊အင်တာမီလန်တို့ ရဲ့ ပြိုင်ဆိုင်မှုကိုပါ ရလာခဲ့ပေမယ့် တော့တင်ဟမ်နဲ့ ဆွေးနွေးမှု တွေ လုပ်ဆောင်လျက်ရှိပါတယ်။

ကယ်စီယိုမာကာတိုရဲ့ဖော်ပြချက်အရ ထရစ်ပီးယားဟာ ၎င်းကိုစိတ်ဝင်စားနေတဲ့ အသင်းများအနက် ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ထားတယ်လို့  သိရပါတယ်။

တော့တင်ဟမ်အသင်းကတော့ အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ယူရို သန်း၃၀  ဈေးခေါ်ထားပါတယ်။

#စီးရီးအေ #ထရစ္ပီးယား