ရှေ့သို့
Image

မိုးကြိုးနဲ့လျှပ်စီးတွေကြောင့် ဆွီဒင်နဲ့ချီလီ အမျိုးသမီးပွဲဘောလုံး ပွဲစဉ်ကို ၄၅ မိနစ်ကြာ ရပ်နားခဲ့ရ

1:37 PM, 13 June

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဆွီဒင်နဲ့ ချီလီ ကမ္ဘာ့ဖလား အမျိုးသမီး ပွဲစဉ်ကို မိုးကြိုးနဲ့ လျှပ်စီးတွေရဲ့ ဆိုးရွားမှုကြောင့် ၄၅မိနစ်ကြာ ရပ်နားခဲ့ရတယ်လို သိရပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဆွီဒင်အသင်းက ၂-၀ဖြင့် အနိုင်ရခဲ့ပါတယ်။

ဆွီဒင်အသင်းအတွက် အက်လာနီနဲ့ မာဒီလန်တို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ပါတယ်။

မာဒီလန်ဟာ ဆွီဒင်အသင်း အနိုင်သေချာစေမယ့် သွင်းဂိုးကို နောက်ခံလူ ၃ယောက်လောက်ကို ကျော်ဖြတ်ကာ သွင်းယူသွားခဲ့ပါတယ်။

ပွဲချိန် ၇၂မိနစ်မှာ မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် ပွဲကို ရပ်နားခဲ့ရပြီး ပွဲပြန်လည်စတင်ချိန်မှာ ချီလီအသင်းက ပြန်လည် ဦးဆောင်ကစားခဲ့ပေမယ့် ဆွီဒင်အသင်းကသာ အကောင်းဆုံး ထိန်းချုပ်သွားခဲ့ပါတယ်။

ဆွီဒင်အသင်းဟာ ဂိုးကန်သွင်းမှုများစွာ ရရှိခဲ့ပေမယ့် ၂ဂိုးကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့်ဒီထက် ဂိုးပြတ်တဲ့ နိုင်ပွဲနဲ့ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။

#ဖီဖာ #ဆွီဒင်