ရှေ့သို့
Image

တစ်နှစ်လုပ်ခ ပေါင် ၅.၇ သန်း ရရှိနေတဲ့ အီဘရာမိုဗစ်

11:48 AM, 13 June

မေဂျာလိဂ် လစာအများဆုံး ကစားသမား အဖြစ် အယ်လ်အေ ဂလက်စီ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က တစ်နှစ်လုပ်ခ ပေါင် ၅.၇ သန်းဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ ၃၇ နှစ်အရွယ် အီဘရာဟီမိုဗစ်ဟာ ယမန်နှစ်က ပေါင် ၁.၁၈ သန်း ရရှိခဲ့ပြီး တိုရွန်တို တိုက်စစ်မှူး ဂျီယိုဗင်ကိုရဲ့ ပေါင် ၅.၅၉ သန်းကို ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

MLS ကစားသမား အစည်းအရုံးက ယမန်နေ့က ထုတ်ပြန်ချက်မှာ ကစားသမားတွေရဲ့ ပျမ်းမျှလခဟာ ပေါင် ၂၉၆၀၀ ဖြစ်ပြီး လျော်ကြေးကတော့ ပျမ်းမျှ ပေါင် ၃၂၈၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မတ်လကုန်မှာ ဂလက်စီ အသင်းက ထွက်ခွာခဲ့တဲ့ ဂျီယိုဗန်နီ ဒေါ့ဆန်းတို့စ်ရဲ့ အခြေခံလစာက ဒေါ်လာ ၄.၇၅ သန်းဖြစ်ပြီး လျော်ကြေး စုစုပေါင်းကတော့ ဒေါ်လာ ၆.၅ သန်း ဖြစ်ပါတယ်။

အသင်းတိုင်းရဲ့ လစာ အနည်းဆုံး ပေးချေရမှုက ဒေါ်လာ ၇၀၂၅၀ ဖြစ်ပြီး အရန် ကစားသမား ၈ ယောက်ကို လစာ အနည်းဆုံး ပေးချေရမှုက ဒေါ်လာ ၅၆၂၅၀ အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

# အယ်အေဂလက်စီ #မေဂျာလိဂ်