ရှေ့သို့
Image

နောက်ခံလူ ဝေါ်ကာနဲ့ ဇင်ချန်ကိုတို့ကို စာချုပ်သစ်ကမ်းလှမ်းလိုက်တဲ့မန်စီးတီး

11:06 AM, 13 June

မန်စီးတီး အသင်းဟာ ဖလား ၃ လုံး ချန်ပီယံဖြစ်ရေးမှာ အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ နောက်ခံလူ ကိုင်လီဝေါ်ကာ နဲ့

အဲလက်စ် ဇင်ချန်ကို တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အဆိုပါ နောက်ခံလူ ၂ ဦးဟာ စီးတီး အသင်းအတွက် ပြီးခဲ့တဲ့ရာသီ အကောင်းဆုံး ပုံစံတစ်ရပ် ပြသ ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆမ်းသတင်း ဌာနကတော့ စီးတီးအသင်းဟာ ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာကို ၂၀၂၂ ခုနှစ် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

တကယ်လို့ စာချုပ်သစ်သာ ချုပ်ဆိုဖြစ်ပါက စပါးနောက်ခံလူဟောင်းဟာ စီးတီး အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲလောက်အထိ ရရှိဖွယ် ရှိနေပါတယ်.

အီးဗနင်း သတင်းဌာနကတော့ ဘယ်နောက်ခံလူ ဇင်ချန်ကို ကိုလည်း စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ယူကရိန်း လက်ရွေးစင် ကစားသမားကတော့ ဘင်ဂျမင် မန်ဒီ ဒဏ်ရာ ရရှိနေချိန်မှာ နည်းပြ ဂွာဒီယိုလာရဲ့ရွေးချယ်မှုနဲ့ 

ဘယ်နောက်ခံလူ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာကတော့ လာမယ့် ရာသီ ဘယ်နောက်ခံလူ နေရာကိုလည်း ဇင်ချန်ကို ကိုသာ ပြန်လည် ရွေးချယ်ဖွယ် ရှိနေတာကြောင့် မန်ဒီအနေနဲ့ သူ့ထက်ကောင်းတယ် ဆိုတာကို ပြသဖို့ လိုအပ်နေပါတယ်။

သတင်းတွေ အရတော့ စီးတီးအသင်းဟာ လက်စတာအသင်း ဘယ်နောက်ခံလူ ဘန်ချီးဝဲလ်ကိုလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ထို့အပြင် ညာနောက်ခံလူ နေရာမှာလည်း ဂျူဗင်တပ်စ် အသင်းရဲ့ ညာနောက်ခံ ကစားသမား ကန်ဆယ်လိုကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

#မနျစီးတီး #ကိုင်လီ ဝေါ်ကာ #ဇင်ချန်ကို