ရှေ့သို့
Image

လီဗာပူးအသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ချိန်ဘာလိန်

2:03 PM, 12 June

ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကတော့ လီဗာပူးအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုလိုက်တာကြောင့် ၂၀၂၃ခုနှစ်အထိ အသင်းမှာဆက်ရှိနေတာ့မှာဖြစ်ပါတယ်။

လက်ရှိအသင်းနဲ့ချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခ ၁သိန်း ၂သောင်းအထိ ရရှိဖွယ်ရှိနေပါတယ်။

အဆိုပါအသက် ၂၅နှစ်အရွယ်ကစားသမားကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ဒူးဒဏ်ရာကြောင့် အသင်းနဲ့တစ်နှစ်နီးပါးလောက်လွဲချော်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ အသင်းနဲ့နောက်ထပ် ၁နှစ်ထပ်မံစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

နည်းပြ ကလော့ကတော့ လာမယ့်ရာသီသစ်မှာ ကွင်းလယ်ကစားသမား ချိန်ဘာလိန်အနေနဲ့ အသင်းကို ကူညီပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။

“သူပြန်ကောင်းလာတာကျွန်တော်တို့အတွက်တော့ တကယ်ကိုသတင်းကောင်းတစ်ရပ်ပါ။ နောက်ရာသီ သူအသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်မယ်လို့ထင်ပါတယ်”လို့ ကလော့ကပြောပါတယ်။

“တစ်နှစ်လောက်တော့ရှိမယ်ထင်ပါတယ်။အခုချိန်မှာတော့ သူ့အတွက်ပြည့်စုံတဲ့နေ့ရက်တွေက စောင့်ကြိုနေပါတယ်။ သူဟာတကယ်ကောင်းတဲ့ ကစားသမားတစ်ဦးပါ။အသင်းနဲ့ပြန်ပူးပေါင်းလာနိုင်တဲ့အတွက် အားလုံးက၀မ်းသာနေကြပါတယ်”လို့ ကလော့ကပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချိန်ဘာလိန်