ရှေ့သို့
Image

ရော်နယ်ဒိုနှင့်တွဲကစားမှာလား ဒီဂျောင်းနှင့်တွဲကစားမှာလား ဆိုတာကိုရွေးချယ်ရမယ့် ဒီလစ်ခ်ျ

8:46 AM, 12 June

လာမည့်လာတွေမှာ ဘယ်အသင်းသို့ပြောင်းရွေ့ရမလည်းဆိုတာကို မဆုံးဖြတ်ရသေးပါဘူးလို့ ဒီလစ်ခ်ျက ပြောဆိုထားသော်လည်း ရော်နယ်ဒိုနှင့်တွဲကစားမလား၊ ဒီဂျောင်းနှင့် တွဲကစားမလားဆိုတာကိုတော့ မပြောထားသေးပါဘူး။

သူ့ရဲ့ အသင်းအား ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ရောက်ရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ခြေစွမ်းပြသခဲ့တဲ့ ရာသီပြီး  နောက်မှာတော့ ကမ္ဘာ့ပေါ်ရှိ အရည်အချင်းရှိတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဥရောပရဲ့ ထိပ်တန်းကလပ်များကတော့ ဒီလစ်ခ်ျကိုခေါ်ယူဖို့အတွက် ချဉ်းကမ်မှုတွေပြုလုပ်လာကြပြီး ရော်နယ်ဒိုကလည်း အသက် ၁၉ နှစ်အရွယ်ကစားသမားကို ဂျူဗင်တပ်သို့လာရောက်ကစားဖို့ တွန်းအားပေးပြောဆိုခဲ့ပြီး ဒီဂျောင်းကလည်း ဘာစီလိုနာသို့လာရောက်ကစားဖို့ပြောဆိုထားပါတယ်။

ဒီလစ်ခ်ျကတော့ အဲ့ဒီကိစ္စနှင့်ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချရသေးကာ ''ကျွန်တော့်နှလုံးသားကပြောတာကို အခုအချိန်ထိကျွန်တော်မသိသေးပါဘူး။ အချိန်အားလုံးကို အေဂျက်အသင်းနှင့် နိုင်ငံ့လက်ရွေးစင်အသင်း အတွက်အာရုံစိုက်ထားတာပါ ''လို့ သူက Mundo Deportivo သို့ပြောပါတယ်။

''အခုတော့ ကျွန်တော်က အားလပ်ရက်မှာပါ။ အဲ့ဒီအကြောင်းကို စဉ်းစားနေပြီး ကျွန်တော့်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားမှာပါ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော်ပြောင်းရွေ့မယ့် အသင်းက
နာမည်ကျော်ကြားပြီး ပွဲကစားခွင့်များများရရှိဖို့ ပါပဲ။ ဘယ်အချိန်မှာဆုံးဖြတ်ချက်ချမလဲဆိုတာကို မသိသေးသော်လည်း အချိန်ယူသွားမှာပါ''

ရော်နယ်ဒိုနှင့် ဒီဂျောင်းတို့ရဲ့ပြောဆိုမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင်တော့ '' ဒီဂျောင်းနှင့်ပြန်လည်ပေါင်း စည်းပြီး ကစားရမယ်ဆိုရင်တော့ အရမ်းကိုကောင်းပါတယ်။ ဘယ်အရာက ကျွန်တော့်အတွက်အကောင်းဆုံးဖြစ်မလည်းဆိုတာကို ကြည့်ရမှာပါ ''လို့ ဒီလစ်ခ်ျက ဆက်ပြောထားပါတယ်။

''ဘယ်သူ့ကိုမှ အလေးပေးထားခြင်းမရှိသလို ကျွန်တော့်ရဲ့ လမ်းကြောင်းကို ကျွန်တော့ဘာသာ ရွေးချယ်သွားမှာပါ။  ငွေကြေးက ပြဿနာမဟုတ်ပါဘူး '' လို့ ပြောကာ ဘာစီလိုနာအသင်းဟာ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး လိုက်နိုင်မှာ မဟုတ်ပါဘူးလို့ပြောဆိုမှုကို တုန့်ပြန်ထားပါတယ်။

''အခုထိတော့ အချိန်မကျသေးတာဖြစ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ အားလပ်ရက်အတွင်းမှာ တစ်ခုခုကို စဉ်းစားပြီး တော့ ဆုံးဖြတ်ရမှာပါ '' လို့ ဒီလစ်ခ်ျကပြောပါတယ်။ #ဖီဖာ #ဒီဂျောင် #ဒီလစ်ဂ်ျ