ရှေ့သို့
Image

အမျိုးသမီးကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အမေရိကန်အသင်းကို ထိုင်းအသင်းဂိုးပြတ်ရှုံးနိမ့်ခဲ့

8:18 AM, 12 June

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ထိုင်းအသသင်းက အမေရိကန်အသင်းကို ၁၃ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ နာမည်ကြီး တိုက်စစ်မှူး အဲလက်စ် မော်ဂန်က တစ်ဦးတည်း ၅ဂိုးသွင်းယူခဲ့ပါတယ်။ 

အခြားပွဲစဉ်တွေမှာတော့ နယူးဇီလန်အသင်းက နယ်သာလန်အသင်းကို ၀-၁ဖြင့် ရှုံးနိမ့်ခဲပြီး ချီလီအသင်းကလည်း ဆွီဒင်အသင်းကို ၀-၂ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အမေရိကန်အသင်းရဲ့ ဂိုးပြတ်သွင်းယူမှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ အမေရိကန်အသင်းဟာ အဆိုပါ ပွဲစဉ်မှာ ဂိုးကန်သွင်းမှု အကြိမ် ၄၀အထိ ရှိခဲ့ပြီး အကြိမ် ၂၀ ဂိုးပေါက်တည့်ခဲ့ပါတယ်။ 

#ထိုင်း