ရှေ့သို့
Image

အာသာနဲ့ အတူတွဲပြီး ခြေစွမ်းပြကစားနိုင်တယ်လို့  ဒီဂျောင်ဆို

5:20 PM, 11 June

ဘာစီလိုနာကနေ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် ဖရန်ကီ ဒီဂျောင်ဟာ စပိန်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရန် စိတ်အားထက်သန်လျက်ရှိနေပါတယ်။

အေဂျက်အသင်းကနေ ထွက်ခွာလာတဲ့ ကွင်းလယ်လူ ဒီဂျောင်ဟာ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီကို နယ်သာလန်အသင်း ရှုံးနိမ့်ပြီးနောက် ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခု ကျွန်တော် အားလပ်ရက်အကြောင်းနဲ့  ဘာစီလိုနာအကြောင်းစဉ်းစားနေပါတယ်။ ဘယ်အချိန်သွားမလည်းဆိုတာ သေချာတော့မသိသေးပါဘူး”

ဘရာဇီးကွင်းလယ်လူအာသာအကြောင်းနဲ့ ပက်သက်ပြီးမေးမြန်းခံရာမှာတော့ “သူက ကစားသမားကောင်းတစ်ယောက်ပါ။ ပြီးတော့ သူနဲ့ အတူ တွဲကစားဖို မစောင့်နိုင်တော့ပါဘူး။ သူက နည်းစနစ်ပိုင်းကောင်းတဲ့ကစားသမားပါ။  သူဆီက ဘောလုံးထွက်သွားဖို့ ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ သေချာတာပေါ့။ ကျွန်တော်တို့ အတူကစားနိုင်ပါတယ်။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ” ဟု ဒီဂျောင်က ဖြေကြားသွားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်