ရှေ့သို့
Image

အင်စတာဂရမ်မှာ အာဆင်နယ်အသင်း တရားဝင် ၀က်ဘ်ဆိုဒ်ကို Follow လုပ်လိုက်တဲ့ ဂါဘရီရယ် မာတီနယ်လီ

5:26 PM, 11 June

ဘရာဇီးလ်လူငယ် တိုက်စစ် ကစားသမားလေး ဂါဘရီရယ် မာတီနယ်လီကတော့ လူမှုဝက်ဘ်ဆိုဒ်ပေါ်မှာ အာဆင်နယ်အသင်း တရားဝင် ၀က်ဘ်ဆိုဒ်ကို Follow လုပ်ခဲ့တာကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေက စိတ်လှုပ်ရှားခဲ့ကြပါတယ်။

အဆိုပါ အသက် ၁၇ နှစ် အရွယ် ကစားသမားလေးဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ကလပ် အီတာနိုအသင်းမှာ ကစားနေတာ ဖြစ်ကာ အခု နွေရာသီမှာတော့ ပေါင် ၆.၅ သန်းနဲ့ အာဆင်နယ် အသင်းဆီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ပရိသတ်တွေကတော့ အဆိုပါ ကစားသမားလေးဟာ အင်စတာဂရမ်က အသင်းတရားဝင် ၀က်ဘ်ဆိုဒ်ကို Follow လုပ်လိုက်တာကြောင့် သတင်းတွေက အတည်ဖြစ်ပြီလို့ ယုံကြည်နေကြပါတယ်။

တိုက်စစ် ကစားသမားလေး မာတီနယ်လီကတော့ လက်ရှိအချိန်မှာ အလုပ်ပါမစ် မလိုအပ်ပဲ ဖခင်ဖြစ်သူဟာ အီတလီပတ်စပို့စ်ကို ကိုင်ဆောင်ထားတာကြောင့် အာဆင်နယ်အသင်းနဲ့ မကြာခင်မှာ ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ အသက် ၁၇ နှစ်အရွယ် တိုက်စစ် ကစားသမားလေးဟာ အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားလေးအဖြစ် သတ်မှတ်ခြင်း ခံနေရပြီး အာဆင်နယ်အသင်း ကင်းထောက် ဖရန်စစ် ကာဂီဂိုက သွားရောက် ကင်းထောက်ခဲ့ပြီး အသင်းထံ ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အမ်မရီကတော့ အသင်းရဲ့အနာဂတ်ကို လူငယ် ကစားသမား တော်တော်များများနဲ့ တည်ဆောက်ဖို့ စီစဉ်နေပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း အသက် ၁၉ နှစ်အရွယ် ကစားသမားလေး ဂွမ်ဒူဇီကိုလည်း ခေါ်ယူခဲ့တာ ဖြစ်ကာ အသင်းကြီးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။

#မာတီနယ်လီ