ရှေ့သို့
Image

အေဂျက်မှာ ပျော်ရွှင်နေတဲ့ မန်ချက်စတာယူနိုက်တက်ပစ်မှတ်

4:25 PM, 11 June

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်အသင်းတို့ ရဲ့ပစ်မှတ် ဒွန်နီ ဗန်ဒီဘီဟာ နွေရာသီမှာ အသင်းပြောင်းရွေ့ ဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။

အသက်၂၂နှစ် အရွယ်ကစားသမားဟာ တခြားသော အေဂျက် ကစားသမားတွေနည်းတူ အသင်းကြီးများနဲ့  အပြောင်းအရွေ့  သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ဖရန်ကီဒီဂျောင်က ဘာစီလိုနာအသင်းထံ ကြိုတင်ပြောင်းရွေ့ ထားပြီးဖြစ်ပေမယ့် မက်သီးယက်စ် ဒီလစ်ဟာ မကြာခင်မှာ အေဂျက်ကနေ ထွက်ခွာသွားဖွယ် ရှိနေတာပါ။

အသင်းဖော်တွေပြောင်းရွေ့ သွားသော်လည်း ဗန်ဒီဘီဟာ ဒပ်ခ်ျချန်ပီယံတွေကနေ ပြောင်းရွေ့ ဖို့  အလျင်စလို မရှိကြောင်း ဖွင့်ဟပါတယ်။

၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းသမားတွေကို ပြောရာမှာ “ကျွန်တော့် အခြေအနေကတော့ အေဂျက်နဲ့ စာချုပ်ရှိထားပါတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်။ အနာဂတ်မှာ သင်ဘာတွေဖြစ်လာမလည်းဆိုတာ ဘယ်သူမှတော့ မသိပါဘူး။ ဒါပေမယ့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဒီလစ်ဂ်ျ