ရှေ့သို့
Image

အာနိုးလ်ကို ဒေးဗစ်ဘက်ခမ်းနဲ့ ခိုင်းနှိုင်းခဲ့တဲ့ ဆောက်ဂိတ်

3:30 PM, 11 June

အင်္ဂလန် နည်းပြ ဂယ်ရီ ဆောက်ဂိတ်ဟာ နောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်ကို နာမည်ကျော်ဂန္တ၀င် ဒေးဗစ် ဘက်ခမ်းနဲ့ ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။

အာနိုးလ်းဟာ သူ့ရဲ့ လှပတဲ့ ဖြတ်တင်မှုတွေနဲ့ အင်္ဂလန်အသင်းကို ကူညီပေးနေပြီး သူ့ရဲ့ ကစားပုံက ဒေးဗစ် ဘက်ခမ်းကို သတိရစေပါတယ်။

ဆော်ဂိတ်က အာနိုးလ်ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အပြုအမူတွေက ထိပ်တန်းအဆင့်ရောက်အောင် ကူညီပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဖဆာက်ဂိတ်က"ခံစစ်ပိုင်းမှာ နေရာယူမှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အာနိုးလ်မှာအကောင်းဆုံး အတွေ့အကြုံတွေကို အချိန်တိုအတွင်း ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ဖြတ်တင်ဘောနည်းစနစ်တွေက တကယ်ကို ကောင်းမွန်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာဆို ဖြတ်တင်ဘောတစ်ခု ပြုလုပ်ပြီးရင် လမ်းဆက်လျှောက်နေပါတယ်။ သူ ထောင့်ကန်ဘောတွေ ကန်တင်တဲ့နေရာမှာတကယ်ကို ကြောက်စရာကောင်းပါတယ်"လို့ ပြောခဲ့ပါတယ်။

အာနိုးလ်ဟာ နေးရှင်းလိဂ် ကစားခဲ့တဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပြီး နယ်သာလန် အသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းကို အနိုင်ယူပြီး တတိယ နေရာကို ရရှိခဲ့ပါတယ်။

#ဖီဖာ #အာနိုး