ရှေ့သို့
Image

အဲရစ်ဆင် အသင်းမှာ ဆက်ရှိဖို့ ဗာတွန်ဂန် မျှော်လင့်နေ

10:28 AM, 11 June

တော့တင်ဟမ် နောက်ခံလူ ဗာတွန်ဂန်က အဓိက ကစားသမား အဲရစ်ဆင်ကို ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်နေပေမယ့် တော့တင်ဟမ်က

ဆက်ထိန်းထားဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး နောက်မှာ ရီးရဲလ်အသင်းက အဲရစ်ဆင်ကို ချိတ်ဆက်မှုများစွာ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ယနေ့ညမှာ ဘယ်လ်ဂျီယံ အသင်းနဲ့အတူ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ ဗာတွန်ဂန်က အဲရစ်ဆင်ကို စပါးအသင်းက ဆက်ထိန်းထားနိုင်ဖို့မျှော်လင့်နေပါတယ်။

ဗာတွန်ဂန်က "အပြောင်းအရွေ့စတင်ပြီးတဲ့ နောက်မှာ ကောလဟာလ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ မနှစ်ကလည်း ဒီလို ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး အားလုံး အတူတကွ ဆက်ရှိခဲ့ပါတယ်။ 

အဲရစ်ဆင်က ကစားသမားကောင်း တစ်ယောက်ပါ။ သူ အသက် ၁၆ နှစ်ကတည်းက ကျွန်တော်နဲ့ သိကျွမ်းခဲ့တာပါ။ အေဂျက်စ်မှာ သူ အသက် ၁၆-၁၇ နှစ် ကတည်းက ကျွန်တော်နဲ့ တွဲကစားခဲ့ပြီး  လာမယ့်နှစ်မှာလည်း တော့တင်ဟမ် အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းကို ၂၀၁၃ ခုနှစ်က ပြောင်းရွေ့လာခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး အဖြစ်သမိုင်း ရေထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ စပါးအသင်း နဲ့အတူ ဆုတံဆိပ် ရယူနိုင်ခြင်း မရှိသေးပါဘူး။

#စပါး #အဲရစ်ဆင် #ဗာတွန်ဂန်